အစိုးရသစ်နဲ့ တရားဥပဒေ စိုးမိုးရေး

အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်း တနှစ်ပြည့်မိန့်ခွန်းပါ ဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားအရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘတ်ဂျက်ငွေ တိုးမြှင့်ရေး စတဲ့ အချက်အလက်တွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။

0:00 / 0:00

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ ဗဟု ဖွံ့ဖြိုးမှုအဖွဲ့က ဦးအောင်သူငြိမ်း၊ မြန်မာသတင်းသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ဦးဇင်လင်းနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်းပါးတွေ မပြတ် ရေးသားနေတဲ့ ဦးဇော်မင်းတို့ ဖြစ်ပါတယ်။

အသံဖိုင်ယူရန်။