NLD နဲ့ အစိုးရသစ်ရဲ့ ခြေလှမ်းများ

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က NLD ပါတီရဲ့ အာဇာနည်နေ့ လှုပ်ရှားမှုတွေအပေါ် အစိုးရက လျှော့ပေါ့ လိုက်လျောခဲ့တဲ့ကိစ္စနဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ဖိအားပေးမှုတွေ ဆက်လက်ထားရှိနေတဲ့ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။

0:00 / 0:00

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့မှာ ရှိနေတဲ့ Free Burma အဖွဲ့တာဝန်ခံ ဒေါက်တာသိန်းဝင်း၊ NLD-LA ဗြိတိန်ဌာနခွဲ တာဝန်ခံ ဒေါက်တာဝင်းနိုင်နဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Civil Society for Burma တာဝန်ခံ ဦးထွန်းအောင်ကျော်တို့ ဖြစ်ပါတယ်။

အသံဖိုင်ယူရန်။