တိုင်းပြည် အပြောင်းအလဲနဲ့ ပညာရေးအခန်းကဏ္ဍ

အပြောင်းအလဲတွေ တွေ့လာနေရတယ် လို့ ပြောဆိုနေကြတဲ့ မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာတွေမှာတော့ ပြောသံဆိုသံ သိပ်မကြားရသေးဘဲ ရှိနေပါတယ်။ မြန်မာပြည် ပြောင်းလဲချင်တယ်ဆိုရင် ပညာရေး ပြောင်းလဲမှုကို လည်း ဦးစားပေးအဆင့်မှာ ထားရှိသင့်တဲ့အကြောင်း အခုတပတ် တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဦးသစ်ဆင်းက စီစဉ်ဆွေးနွေး တင်ပြထားပါတယ်။

0:00 / 0:00

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးပါရဂူ ဒေါက်တာသိန်းလွင်၊ ထိုင်း-မြန်မာနယ်စပ်မှာ ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆရာဦးသိန်းနိုင် တို့ ဖြစ်ပါတယ်။

အသံဖိုင်ယူရန်။