မြန်မာ့အရေး နိုင်ငံတကာ ချဉ်းကပ်မှုများ

အခုတပတ် ဦးကျော်မင်းထွန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာစီယံ စတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ပိုမို ချဉ်းကပ်ဆက်ဆံလာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ထားတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အခြေအနေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာကို ဆွေးနွေးထားကြပါတယ်။

0:00 / 0:00

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနားတက္ကသိုလ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဗဟိုဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ NCGUB ရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) လန်ဒန်ဌာနခွဲက ဒေါက်တာဝင်းနိုင်တို့ ဖြစ်ပါတယ်။

အသံဖိုင်ယူရန်။