သာသနာတော်နဲ့ နိုင်ငံရေးအသုံးချမှု

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက စီစဉ်တဲ့ ဗုဒ္ဓဘာသာ သာသနာ့နုဂ္ဂဟ အသင်း ဖွဲ့စည်းဖို့ လူအားငွေအား စုဆောင်းနေတဲ့ ကိစ္စ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီရဲ့ အစီအစဉ်နဲ့ပဲ သံဃာတပါးက ဖွင့်လှစ်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်း ဆိုတာတွေ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။

0:00 / 0:00

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ ဦးပညာဇောတ၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် သာသနာ့ရံသီ ဝိဟာရကျောင်း ဆရာတော် ဦးဥတ္တရနဲ့ ပြင်သစ်နိုင်ငံံ ပါရီမြို့ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးကုမာရတို့ ဖြစ်ပါတယ်။

အသံဖိုင်ယူရန်။