မြန်မာ့ ပညာရေးစနစ် နိမ့်ကျရသည့် အကြောင်းရင်းများ
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ မြန်မာ စစ်အစိုးရက ပညာရေးကဏ္ဍအတွက် လုံလောက်တဲ့ ပံ့ပိုးမှုနဲ့ ငွေကြေး ခွဲဝေသုံးစွဲခွင့်တွေ မပေးတဲ့အတွက် ပညာရေးစနစ် နိမ့်ကျပြီး ကမ္ဘာ့အဆင့်မီ လူငယ် ပညာတတ်တွေ မမွေးထုတ်နိုင်တဲ့ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ Civil Society for Burma လွတ်လပ်သော မြန်မာ့လူ့ဘောင်အဖွဲ့ တာဝန်ခံ ဦးထွန်းအောင်ကျော်၊ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန နည်းပြဟောင်း မြန်မာ့အရေး လှုပ်ရှားသူ ဦးမောင်မောင်လွင်၊ Burma Democratic Concern အဖွဲ့ ညွန်ကြားရေးမှူး ဦးမျိုးသိန်းတို့ ဖြစ်ကြပါတယ်။