အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး

အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ဝိုင်းဝန်းပါဝင်ကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်ခဲ့ တာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။

0:00 / 0:00

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ အရှင် ပညာဇောတ၊ ကနေဒါနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာနဲ့ အခွင့်အရေးများဆိုင်ရာအဖွဲ့က ဒေါ်မော်လီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)- ဗြိတိန်ဌာနခွဲ ဥက္ကဋ္ဌ ဦးဝင်းနိုင်နဲ့ နော်ဝေနိုင်ငံရောက် ၁၉၉ဝ ခရမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သွင် တို့ ဖြစ်ကြပါတယ်။

အသံဖိုင်ယူရန်။