လယ်ယာမြေ မတရား သိမ်းယူမှုများ
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှာ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက နည်းလမ်းမျိုးစုံနဲ့ သိမ်းယူနေတဲ့ သတင်းတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး လေ့လာနေသူ ဦးဇော်မင်းနဲ့ AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦးတို့ ဖြစ်ပါတယ်။