ရွေးကောက်ပွဲ လွတ်လပ်စွာ စည်းရုံးခွင့်
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ နိုဝင်ဘာ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီတွေ စည်းရုံးလှုပ်ရှားကြရာမှာ စစ်အစိုးရ ထောက်ခံမှုရှိတဲ့ပါတီက မသမာတဲ့ နည်းလမ်းတွေ သုံးနေကြပြီး တခြားပါတီတွေကတော့ ကန့်သတ်ချုပ်ချယ် ခံနေကြရတယ် ဆိုတဲ့သတင်းတွေ ကို အခြေပြုပြီး ဆွေးနွေးထားကြပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားကြသူတွေကတော့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ အခြေစိုက်နေထိုင်တဲ့ ဆရာဦးကျော်တင့်၊ အင်္ဂပူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် NLD ပါတီက ဦးမြဝင်းနဲ့ သြစတြေလျနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ဒေါက်တာမြင့်ချို တို့ ဖြစ်ပါတယ်။