မြန်မာစာလုံးရယူရန်

2010-08-30
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကို မြန်မာစာလုံး မရှိပဲနဲ့လည်း မိုက်ခရိုဆော့ဖ်ရဲ့ Internet Explorerမှာ ကြည့်နိုင်ပါတယ်။

တခြား အင်တာနက်ဝက်ဘ်ဆိုက် ကြည့်တဲ့ Mozilla Firefox, Google Chrome အစရှိတဲ့ browserများမှာတော့ သက်ဆိုင်ရာမြန်မာစာလုံးရှိမှသာ ဖတ်ရှုနိုင်ပါလိမ့်မယ်။ ဒါကြောင့်၊ Firefox နဲ့ Chrome အသုံးပြုသူတွေဟာ မြန်မာစာလုံးကို ရယူပြီး မိမိကွန်ပျူတာရဲ့ စာလုံးများ ထားရှိရာနေရာမှာ ထည့်သွင်းရပါမယ်။ Internet Explorer သုံးသူများလည်း မြန်မာစာလုံးကို မိမိရဲ့ ကွန်ပျူတာထဲမှာ ထည့်ထားရင် ပိုပြီး မြန်ဆန် ကောင်းမွန်တာကြောင့် ထည့်ထားဖို့ တိုက်တွန်းပါရစေ။

နောက်ပြီးတော့၊ အရေးကြီးတဲ့အချက်တခုက RFA အင်တာနက်ပေါ်က မြန်မာသတင်းနဲ့ ဆောင်းပါးတွေကို ကူးယူချင်ရင် မြန်မာစာလုံးရှိရပါလိမ့်မယ်။ ကိုယ့်ရဲ့ ကွန်ပျူတာမှာ မြန်မာစာလုံးထည့်မထားရင် မရပါဘူး။ မြန်မာစာလုံးထည့်မထားရင် လေးထောင့်ကွက်လေးတွေကိုပဲ မြင်ရပါလိမ့်မယ်။

မြန်မာစာလုံးထည့်သွင်းရန် လုပ်ဆောင်ပုံအဆင့်ဆင့်

၁။ မြန်မာစာလုံးယူရန်လို့ ဖော်ပြထားတဲ့ နေရာကို နှိပ်လိုက်ပြီး၊ အဲဒီဖိုင်ကို desktop မှာဖြစ်စေ၊ တခြား မှတ်မိလွယ်တဲ့ နေရာမှာဖြစ်စေ၊ သိမ်းထားလိုက်ပါ။ မြန်မာစာလုံးကို ချက်ချင်းလက်ငင်း ထည့်ချင်ရင် RUN ၊ နောင်တချိန်မှ ထည့်ဖို့ရည်ရွယ်ပြီး သိမ်းထားချင်ရင် SAVE ဒါမှမဟုတ် မထည့်တော့ဘဲ ပယ်ဖျက်ချင်တယ်ဆိုရင် CANCELကို နှိပ်ပါ။

ဇော်ဂျီ မြန်မာစာလုံးယူရန်

BIT မြန်မာစာလုံးယူရန်

၂။ ပြီးရင် Control Panel ကို ဖွင့်ပြီး၊ Fonts ဖိုလ်ဒါကို ဖွင့်လိုက်ပါ။

၃။ Menu bar ပေါ် Fileကို နှိပ်လိုက်ရင် Add new font ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒါကို နှိပ်ပြီးတော့၊ စောစောက ကိုယ်သိမ်းထားတဲ့ font ဖိုင်လ် Zawgyi-One သို့မဟုတ် bit (True Type) ကို သွင်းယူရပါမယ်။

၎။ ပြီးရင်တော့၊ အင်တာနက်ကိုဖွင့်ပြီး လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ သတင်းနဲ့ စာမျက်နှာတွေကို စိတ်တိုင်းကျ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။

ကွန်မင့်များ (11)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

soe kyaw

မြန်မာ့အရေးသတင်းများမှာ တစ်ဘက်စောင်းနေသည်ဟု မြင်မိပါသည် ဟုတ် မဟုတ် သင်တို့ကိုယ်တိုင်သိပါလိမ့်မည် မီဒီယာကောင်း ပီသ နိုင်ကြပါစေ၊ ၀ါဒဖြန့် ရုံသက်သက် မဖြစ်ပါစေနဲ့ ၊ အားလုံးကျန်းမာချမ်းသာ ကြပါစေ။ ။

Jun 12, 2013 03:38 AM

အမည်မဖော်လိုသူ

teblet များကြည့်လို့အဆင်ပြေအောင်ဘယ်လိုအကောင်းဆုံးလုပ်သင့်ပါသလဲ

Dec 29, 2012 03:36 AM

kokosoe1980@gmail.com

နေရပ်- pyay

အသုံးမပြုတတ်သေးပါဘူး သုံးနည်းကိုအသေးစိတ်သင်ပေးစေချင်ပါတယ်

Dec 21, 2012 11:09 PM

aaa

နေရပ်- bbb

ဆက်သွယ်မှုရောက်မရောက်ကျွန်တော်မသိရသေး
ပါပြီးတောဓါတ်ပုံနဲ့စာတွဲပြီးဘယ်လိုပို့မယ်ဆိုတာ
သင်ပေးစေချင်ပါတယ်

Oct 05, 2012 11:37 AM

aaa

နေရပ်- bbb

ပထမပို့ချက်တစ်ခုရောက်သွားခဲ့ပါတယ်တစ်နယ်
လုံးကိုမွှေပြီးလဒ်စားမှုပြုလုပ်နေတဲ့ရဲအုပ်တစ်
ယောက်နဲ့အပေါင်းပါတွေကိုတင်ပေးတာ
ကော်နည်ရှင်အဆင်မပြေဖြစ်နေပါတယ်ရရင်
သတင်းပြန်ပါ။

Oct 05, 2012 11:26 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.