ပိတ်ဆို့အရေးယူမှု လျော့ချရေး စောနေသေး
သြစတြေးလျအစိုးရက ငွေကြေးနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ဆို့အရေးယူမှု တချို့ကို ဒီကနေ့ ရုပ်သိမ်းပေးလိုက်တာဟာ မြန်မာနိုင်ငံမှာ ပေါ်ထွက်နေတဲ့ အပြောင်းအလဲတွေနဲ့ နှိုင်းစာရင် များလွန်းပြီး စောလွန်းသေးတယ်လို့
သြစတြေးလျရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေက ပြောနေပါတယ်။
ဒါနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံ မြန်မာ့ရေးရာရုံး ညွန်ကြားရေးမှူး ဒေါက်တာမြင့်ချိုကို အာအက်ဖ်အေ ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။