အသိမ်းဆည်းခံယာမြေ ပြန်ရရေး သမ္မတထံ တိုင်ကြား
မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်က ပဲ နှမ်း ဝါ စိုက်ပျိုးနေတဲ့ ကျေးရွာ ၁၃ ရွာက ယာမြေဧက တစ်သောင်းကျော်ကို စစ်လက်နက်ပစ္စည်းစက်ရုံ တည်ဆောက်ဖို့ စစ်တပ်ပိုင်မြေအဖြစ် လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ကတည်းက သိမ်းဆည်းခဲ့ပြီး
စစ်တပ်က အခကြေးငွေယူကာ သီးစားပြန်ချထားပါတယ်။
ဒီအသိမ်းဆည်းခံ ယာမြေတွေ ပြန်ရရေးတွက် ဒေသခံတောင်သူတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး သြဂုတ်လ ၁၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ထံ စာရေးသား တိုင်ကြားလိုက်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။