၁၉၈၈ အရေးတော်ပုံနဲ့ ကိုမင်းကိုနိုင်

ဖိနှိပ်ချုပ်ချယ်မှုနဲ့ အခွင့်ထူးခံမှုတွေ ကာလ ကြာရှည်လာတဲ့အပေါ် မူတည်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်လာရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကိုပြောပါတယ်။

မတရားမှုတွေကို ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့ကြလို့သာ ရှစ်လေးလုံးလို ကြီးမားတဲ့ လူထုအုံကြွမှု ပေါ်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံဟာ ဒီမိုကရေစီ ပန်းတိုင်ကို ဆုပ်ကိုင်နိုင်တဲ့အထိ အပြီးသတ် အောင်မြင်မှု မရခဲ့တာဟာ အားနည်းချက်တွေ ရှိခဲ့ပြီး လိုအပ်ချိန်မှာ ခေါင်းဆောင်တစ်ဦး အဖွဲ့အစည်းတစ်ခုရဲ့ နောက်မှာ ပြတ်ပြတ်သားသား မားမားမတ်မတ် ရပ်သင့်တယ်လို့ ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။

ကိုမင်းကိုနိုင်ကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ် ။

0:00 / 0:00