အဖြူရောင်တွဲလက်များရဲ့ လှုပ်ရှားမှု
အဖြူရောင်တွဲလက်များ ဆိုတဲ့ ကျောင်းသားလူငယ် ၈ ဖွဲ့က တရုတ်နိုင်ငံထဲ ရောက်နေတဲ့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို သွားရောက် ကူညီခဲ့ပြီး ခရီးစဉ် အတွေ့အကြုံကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ခရီးစဉ်မှာ ပါဝင်တဲ့ မနီမိုလှိုင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။