ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အဓိက အကြောင်းတရားဟာ ဒေသခံ မူဆလင်တွေ သီးခြားနိုင်ငံ ထူထောင်လိုတာကြောင့် မဟုတ်ဘဲ ပညာရေး နိမ့်ကျမှုကြောင့်လို့ မောင်တောမြို့အခြေစိုက် ထင်ရှားတဲ့ မူဆလင်ကျောင်းဆရာ ဦးခင်ဇော် (ခေါ်) ချားရ်နူမာ က ပြောပါတယ်။
ဆရာ ဦးခင်ဇော် (ခေါ်) ချားရ်နူမာ ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က မောင်တောမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရုံးမှာ တွေ့ဆုံမေးမြန်းထားပါတယ်။