မြန်မာစစ်အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေး လမ်းပေါ်ကို တက်လာမယ်လို့ သူ မယုံကြည်တဲ့ အကြောင်း RFA နဲ့ ပြုလုပ်တဲ့ အင်တာနက် ဗီဒီယို မေးမြန်းခန်းမှာ ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြောပါတယ်။ ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ ဒုံးကျည် ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်ပြီး မြန်မာစစ်အစိုးရရဲ့ လျှို့ဝှက် စစ်လက်နက်ပစ္စည်း စက်ရုံတခုရဲ့ အကြီးအကဲ တဦးလည်း ဖြစ်ခဲ့ပါတယ်။
