ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို စနေနေ့ညက အမျိုးအမည်မသိ အဖွဲ့တစ်ခုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပေါက်ကွဲ မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ ၂၇ ရက် စနေနေ့ ည ၁၁ နာရီဝန်းကျင်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း၊ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာကြောင့် ပေါက်ကွဲမှု၄ ကြိမ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲချိန်အတွင်း ၁၀၅ မိုင်မှာ ရှိနေတဲ့ ကုန်သည် ဦးအေး က အခုလို ပြောပါတယ်။
"ရွှေလိပ်ပြာ ထမင်းဆိုင်အပေါ်ကို တစ်လုံးကျပါတယ်၊ ပြီးတော့ ၁၀၅ မိုင် မြန်မာနိုင်ငံသားများဘဏ်ရှေ့မှာ တစ်လုံးကျ တယ်၊ နောက်ကုန်စည်ဒိုင် ဘီ ၅၆ အဲ့ပေါ်တစ်လုံးမှန်တယ်၊ နောက်တစ်လုံး ကတော့ ဘယ်ကိုကျလဲမသိဘူး"
ဒီကိစ္စနဲ့ပတ်သက်လို့ ၁၀၅ မိုင် လုံခြုံရေးဌာနကို RFA က ဆက်သွယ် စုံစမ်းမေးမြန်းခဲ့ရာမှာ၊ ပေါက်ကွဲမှုတွေ ဖြစ် တာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပေမဲ့၊ အသေးစိတ် မပြောဆိုပါဘူး။
အခင်းဖြစ်ပွားမှုကြောင့် အခုအခါ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ခါတိုင်းထက် လူစည်ကားမှုလျော့နည်းနေပြီး၊ ညရောက်ရင် စိုးရိမ်နေကြတယ်လို့ ကုန်သည် အသိုင်းအဝန်းက ပြောပါတယ်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး ဇုန်ဖြစ်ပါတယ်။ အရင်ကလည်း အဲဒီကုန်သွယ်ရေးဇုန်အတွင်း ဗုံးပေါက်ကွဲ တာတွေ ဖြစ်ခဲ့ဖူးပါတယ်။
