၂၀၁၀ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ အနိုင်ရရှိခဲ့တဲ့ USDP ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၁၀ ယောက်နေ အယောက် ၂၀ အထိ ရှိနိုင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး တွံတေး၊ ကော့မှူးနဲ့ ကွမ်းခြံကုန်း မဲဆန္ဒနယ်တွေက ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်း တဦး၏ မဲဆွယ် လှုပ်ရှားမှု ပိုစတာအနီးတွင် သံဃာတပါး ကြွသွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။ နောက်တွင် မဲဆွယ် ဆိုင်းဘုတ်များဖြင့် မော်တော်ယာဉ်ကိုလည်း တွေ့မြင်နိုင်ပါသည်။ (Photo: AFP)
အခုလ ၁၄ ရက်နေ့လောက်ကစပြီး လွှတ်တော်တွေ စတင်ခေါ်ယူပြီးနောက် ဝန်ကြီးဌာန တဝက်လောက် လျှော့ချပြီး အသစ်ပြန်လည် ဖွဲ့စည်းမဲ့ အစိုးရအဖွဲ့သစ်ထဲမှာ လက်ရှိ အစိုးရဝန်ကြီးချုပ်နဲ့ ဝန်ကြီးအများစုက ပါဝင်တော့မှာ မဟုတ်ပဲ ပါတီမှာပဲ တာဝန်ထမ်းဆောင်ကြမှာ ဖြစ်တယ်လို့ ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။ ဒါ့ပြင် အစိုးရအဖွဲ့သစ်ဟာ စစ်အစိုးရအုပ်ချုပ်ရေးလို တမိန့်တအာဏာ စနစ်မျိုး မဟုတ်တော့ပဲ ပြောင်းလဲမှုတွေ ရှိလာမဲ့အပြင် နိုင်ငံရဲ့ ဘတ်ဂျက်သုံးစွဲရေး ကိစ္စတွေလည်း စနစ်တကျ ဖြစ်လာမယ်လို့ သူက ပြောပါတယ်။
ဇေကမ္ဘာဦးခင်ရွှေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
| ဇေကမ္ဘာဦးခင်ရွှေနှင့် ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |
အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။
NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းကို တရားစွဲဆို
ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားမယ်
လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲ ပြော
မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို
NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား
မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ
မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ
မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်
မှတ်ချက်များ
သင့်မှတ်ချက်ကို ပေးပို့ရန် ဤနေရာကို နှိပ်ပါ