မဝင်းမော်ဦး ကျဆုံးနေ့ ၂၂ နှစ်မြောက် မိသားစုကျင်းပ

ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ ဟာ ၈၈ ဒီမိုကရေစီ အရေးတော်ပုံ အတွင်း စစ်တပ်ရဲ့ လက်နက်ထိမှန်ပြီး ကျောင်းသူတဦးဖြစ်တဲ့ မဝင်းမော်ဦး ကျဆုံးတဲ့ ၂၂ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

0:00 / 0:00

၂၂ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် သူ့အတွက်ရည်စူပြီး နှစ်ပတ်လည် ဆွမ်းကျွေး အခမ်းအနားကို ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က မိဘတွေရဲ့ နေအိမ်မှာ ကျင်းပခဲ့ပါတယ်။

၁၉၈၈ ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီးကို မြန်မာစစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့လို့ ဆန္ဒပြသူတွေ အများအပြား သေဆုံးခဲ့ရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး နောက်တနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြကျောင်းသူ မဝင်းမော်ဦး ကျဆုံးခဲ့ရပါတယ်။ သူမသေဆုံးခင်မှာ မဝင်းမော်ဦးက "မြန်မာပြည် ဒီမိုကရေစီ မရမချင်း သူ့အတွက် အမျှဝေမပေးဖို့" ဖခင်ဖြစ်သူကို မှာခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်း မိသားစုနဲ့ ပွဲကျင်းပသူတွေကို ဆက်သွယ်မေးမြန်းပြီး ဒေါ်ခင်ခင်အိက စုစည်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်။