ကြားဖြတ်ရွေးကောက်ပွဲမှာ သူတို့ ၃ ဦး ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်

2011-07-06

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ မြန်မာပြည်ရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ၀န်ကြီးချုပ်ဟောင်း သမီး ၃ ဦးက လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ သူတို့ ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း RFA ကို ပြောဆိုပါတယ်။

RFA

ဒီမိုကရက်ပါတီ မြန်မာ DPM ရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဒေါ်ချိုချိုကျော်ငြိမ်းကို ၂၀၁၀ ခုနှစ် မဲဆွယ်ပွဲတွင် တွေ့ရပုံ။

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ အထွေထွေ အတွင်းရေးမှုး ဒေါ်သန်းသန်းနုက သူ့အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပါတီ စည်းရုံးရေးကို ပိုမိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတာကြောင့် ဒီကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အတွင်းရေးမှုး ဒေါ်ချိုချိုကျော်ငြိမ်း ကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီရဲ့ မဲမသမာမှုတွေ၊ ဥပဒေ ချိုးဖောက်မှုတွေ အပေါ် ရွေးကောက်ပွဲ ကော်မရှင်က ဘက်လိုက် ဆောင်ရွက်မှုတွေကြောင့် အခုလို ၀င်ရောက် မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြောပါတယ်။

တခြား ပါတီ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဒေါ်နေရီဗဆွေ ကတော့ တခြား မဟာမိတ် ပါတီတွေကို ဦးစားပေးလိုတဲ့ အတွက် ဒီကြားဖြတ် ရွေးကောက်ပွဲကို မ၀င်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးသုဝေ ကတော့ မင်္ဂလာတောင်ညွန့် နယ်မြေ ကနေ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ဒေါ်ခင်ခင်အိရဲ့ တင်ပြချက်ကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း

ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းရက် ပြောင်းလဲ

ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ