ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ကယ်တင်ထားတဲ့ လှေစီးဒုက္ခသည် ၅၅၀ ကျော်ထဲက ၅ ဦး ဟာ မနေ့ မနက်အစောပိုင်းက ယာယီကယ်ဆယ်ရေး စခန်းကနေ ထွက်ပြေးသွားပါတယ်။
ဒုက္ခသည်တွေနေတဲ့ ၆ ခန်းတွဲအဆောင် အခန်း(အေ)ကနေ မနေ့ မနက် ၄ နာရီခွဲလောက်မှာ အမျိုးသား ငါးဦးဖြစ် တယ်လို့ နယ်စပ်လုံခြုံရေးအရာရှိတွေ က ပြောပါတယ်။
ဖမ်းဆီးရမိနိုင်ရေးအတွက် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အမှတ်(၁၇) BGB တပ်ရင်း လက်အောက်ခံ ဂေါင်းဒုံ ဘင်္ဂလား ဒေ့ရ်ှနယ်ခြားစောင့်စခန်းတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး စုံစမ်းရှာဖွေနေတယ် လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ လှေစီး ဒုက္ခသည်တွေကို ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ် ခွဲမှာ ယာယီပြောင်းရွှေ့ကယ်ဆယ်ထားတာပါ။
အဲဒီအထဲမှာပါဝင်တဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၅၅၀ ကျော်အနက် ဒီလအစောပိုင်းက လူ ၅ ဦး ထွက်ပြေးခဲ့ တာကြောင့် အခု ၅ ဦးနဲ့ဆိုရင် ၁၀ ဦးအထိ ရှိနေပါတယ်။
