အပစ်ခတ်ရပ်ဖို့ မဟာမိတ် ငါးပါတီ တောင်းဆို

2011-08-03

မြန်မာအစိုးရ အနေနဲ့ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ရပ်ပြီး အပစ်အခတ် ရပ်စဲရေး ကြေညာပေးဖို့ ရွေးကောက်ပွဲ ၀င်ခဲ့ကြတဲ့ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား မဟာမိတ် ၅ ပါတီက ဒီကနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။

popularmyanma.com

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်း။

သြဂုတ်လ ၂ ရက်နဲ့ ၃ ရက် နှစ်ရက်ကြာ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကနေ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း အစည်းဝေး တက်ရောက်ခဲ့တဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်းက RFA ကို ပြောပါတယ်။

“ နံပါတ် ၁ က ပင်စင်လစာ တိုးတာကို ကျနော်တို့တွေက ကြိုဆိုတယ်။ နံပါတ် ၂ က အစိုးရ ကိုယ်တိုင်က အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးပါ။ ပြီးတဲ့ အခါကျတော့ အပစ်အခတ် ရပ်စဲရေးမှာ တိုင်းရင်းသား အပါအ၀င် ငြိမ်းချမ်းရေး အဖွဲ့ ဖွဲ့ပါ။ ဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ဆောင်ရွက်ကြပါ။ ကျနော်တို့ တိုင်းရင်းသား ပါတီတွေကိုလည်း အကူအညီပေးခွင့်ပြုပါ”

တိုင်းရင်းသား မဟာမိတ် ၅ ပါတီရဲ့ ဒီတောင်းဆိုချက် တွေကို လာမယ့် ၂၂ ရက်နေ့ နေပြည်တော်က လွှတ်တော် ပြန်လည် စတင်တဲ့အခါ တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပြီး အပစ်ရပ် ငြိမ်းချမ်းရေး ဆိုင်ရာ ကော်မတီတရပ် ပေါ်လာအောင် တိုက်တွန်း ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား ၅ ပါတီ အစည်းဝေးကို ရွေးကောက်ပွဲ မှတ်ပုံတင်ထားတဲ့ ကယန်း အမျိုးသားပါတီဝင် တချို့ကလည်း လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်