၆၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေ တဲ့ ညီမျှခြင်းမြန်မာက ဦးဆောင်ပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရ တက်ရောက်ခဲ့ပြီး လူ့အခွင့် အရေးဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့ ကိုယ်စားလှယ်တွေ ၂၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့ နှိုးဆော်တဲ့ ပိုစတာတွေ၊ အင်္ကျီတွေ လက်ကမ်း စာစောင်တွေလည်းဝေငှကြပါတယ်။
ဒါ့အပြင် Generation Wave အဖွဲ့က ပြည်တွင်းစစ် ရပ်စဲဖို့အတွက် လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုလည်း ပြုလုပ်ခဲ့ ပြီး တက်ရောက်လာသူတွေက ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရုပ်ရှင် အနုပညာရှင်တွေကလည်း လူ့အခွင့်အရေးပညာပေးပြဇာတ်တွေ တေးသီချင်းတွေနဲ့ ဖျော်ဖြေကြတာဖြစ် ပါတယ်။
