ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန် ဆုံးပြုလုပ်ဖို့ သမ္မတပြောကြား


2015.03.26
dassk-utheinsein-305.jpg နေပြည်တော်၊ သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် ၄၈ ဦး တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခြောက်ပွင့် ဆိုင်ဆွေးနွေးပွဲကို အမြန်ဆုံးပြုလုပ်ဖို့ စီစဉ်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။  ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးစဉ် အဲ့ဒီလိုပြောဆိုခဲ့တာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို မနေ့က ပြော ပါတယ်။

"သမ္မတကြီးနဲ့တွေ့တုန်းကတော့ ဆွေးနွေးစရာရှိ တာကို မြန်မြန်ဆွေးနွေးမယ်လို့ ဒီလိုနားလည် တာပဲ၊ ဒါပေမယ့် အခုထိတော့ ဘာမှမကြား ရသေးပါဘူး"

ဒ့ါအပြင် မြန်မာအစိုးရခေါင်းဆောင်တွေက လာမယ့်ရွေးကောက်ပွဲကို တရားမျှတ လွတ်လပ်မှု ရှိရမယ်လို့ ကတိပေးပြောဆိုနေကြတာနဲ့ ပတ်သက် ပြီးမေးမြန်းရာမှာတော့ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ အဲ့ဒီလိုမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချ ပါတယ်။

"လွတ်လပ်မျှတမယ်ဆိုတာကို ဒီလိုလွတ်လပ်မျှတစေရမယ်လို့ပြောတဲ့ ဝန်ကြီးအဖွဲ့ဝင်တွေက ဘယ်လို အဓိပ္ပါယ်ဖော်လဲတော့မသိပါဘူး၊ တကယ်ပဲမျှတရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းရ ပါလိမ့်မယ်"

တဆက်တည်းမှာပဲ ဒီရက်ပိုင်းအတွင်း အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်ဟောင်းတစ်ဦးရဲ့ သမီးက မွေးနေ့ပါတီ ကျင်းပခဲ့ တာနဲ့ ပတ်သက်ပြီး ဒါဟာ အတွင်းဝန်ရုံးရဲ့ အရေးပါမှုသမိုင်းကို မလေ့လာ မသိရှိလို့ ဖြစ်နိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။