၇၇ နှစ်မြောက် ဗကသ နှစ်ပတ်လည်နေ့ ရန်ကုန်မြို့မှာ ကျင်းပ

0:00 / 0:00

၇၇ နှစ်မြောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသရဲ့ ၇၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပ စိတ်တိုင်းကျခန်းမမှာ ဒီနေ့ကျင်းပခဲ့ပြီး ခေတ်အဆက်ဆက် ကျောင်းသား လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ ကျောင်း သားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဗကသနှစ်ပတ်လည် အခါသမယမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုဖို့ အရေးကြီးကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဘယ်လိုပုဒ်မမျိုးဆိုတာကို ကျနော်တို့အဓိပ္ပါယ် ဖွင့်ဆိုဖို့ ကြိုးစားနေပါတယ်၊ အဲဒါဟာ နောက်နောင်လာလတ္တံသော နိုင်ငံရေး အကျဉ်းသားများအတွက်ပါပဲ၊ ပိုပြီးတော့အရေးကြီးပါတယ်၊ ကျနော်တို့ အချိန်မရွေး နိုင်ငံရေး အကျဉ်သား ထပ်ဖြစ်နိုင်ပါသေးတယ်၊ ထပ်ဖြစ်မယ့်လူတွေလည်း ရှိပါသေးတယ်၊ ကျနော်တို့ဟာ နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ခံရဖို့လိုပါတယ်၊ အခုကျနော်တို့သွားနေတာဟာ လွှတ်ရေးသက်သက်မဟုတ်ပါဘူး၊ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ပြီးရင် သူတို့ကိုထောင်ထဲမှာ ဘယ်လိုအဆင့်အတန်းမျိုးနဲ့ ထားရမယ်၊ ဆက်ဆံရမယ်ဆိုတာတွေကို တိတိကျကျဖြစ်ဖို့လိုပါတယ်၊ ဒီ့ထက်ကျယ်ပြန့်တဲ့ကိစ္စက လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ အမှန်တရားကို မဖော်ထုတ်ပဲနဲ့ လုပ်လို့မရဘူးဆိုတာ ရှင်းရှင်းပဲကျနော်ပြောပါတယ်”

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသကို ၁၉၃၆ ခုနှစ်မေလ ပထမပတ်အတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက်ကိုကျော်သူရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။