သံဃာနဲ့ ၈၈ မျိုးဆက်က နှစ်ပတ်လည်မှာ တိုက်တွန်း

2011-08-05

၈၈ အရေးတော်ပုံ ၂၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီကနေ့ သံဃာတော်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက် ဖြစ်ပေါ်ဖို့ အတွက် ၀ိုင်းဝန်း ကြိုးပမ်းကြဖို့  တိုက်တွန်း လိုက်ပါတယ်

AFP

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ၂၀ဝ၆ခုနှစ် ဇူလိုင် ၁၉ရက် အာဇာနည်နေ့က အာဇာနည် ဗိမာန်သို့ အလေးပြုရန် စုဝေး သွားရောက်နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (ရှေ့တန်း ဝဲမှယာ) ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုမင်းကိုနိုင်။ (Photo: AFP)

၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီးဟာ ဒီကနေ့အထိ ဆက်လက် ချီတက်နေစဲ ဖြစ်ကြောင်း၊ ဒီကနေ့ အစိုးရသစ် ပေါ်ပေါက်လာပေမယ့် ဒီမိုကရေစီကို ဖော်ဆောင်ခြင်း မရှိကြောင်း၊ အစိုးသစ်အနေနဲ့ စေတနာ မှန်တယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရမှာ ဖြစ်တယ်လို့ သံဃာ့တပ်ပေါင်းစု ဆရာတော်တပါးဖြစ်တဲ့ ဦးဓမ္မသီရိက မိန့်ကြားပါတယ်။

“ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးတရပ် ပေါ်ပေါက်လာပြီ။ အဲဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ အုပ်ချုပ်ပါတယ် ဆိုလို့ရှိရင် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရပါလိမ့်မယ်”

တဆက်တည်းမှာပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ အတွက် ဆောင်ရွက်သင်တဲ့ အချက်တွေကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။ အဲဒီ ကြေညာချက်မှာ အချက် ၅ ချက်ဖော်ပြထားပြီး ပထမဆုံး အချက် အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ဇူလိုင် ၂၅ ရက်နေ့က တွေ့ဆုံပွဲကို ကြိုဆိုထား ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့တွေ့ဆုံမှုကနေ တိုးတက်တဲ့ လက္ခဏာ တွေပြဖို့ လိုအပ်တယ်လို့ ကြေညာချက်ကို တာဝန်ခံ ထုတ်ပြန်သူ တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုစိုးထွန်းက RFA ကို ပြောပါတယ်။

ဒီနေ့ ကြေညာချက်မှာ ဦးသိန်းစိန် အစိုးရ အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အမှန်တကယ် လိုလားတယ် ဆိုတာ ပြသဖို့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့လဲ ဖော်ပြထား ပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ

ပိတ်ဆို့မှုတချို့ လျှော့ချတာနဲ့ ပတ်သက်လို့ ပညာရှင်တစ်ဦး အမြင်

ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်