ဆွီဒင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ထိရောက်တဲ့အကူအညီတွေ ပေးအပ်ဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်သူက ပြောပါတယ်။
ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံမှာ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိရေး၊ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍတွေမှာ အခုထက်ပိုကောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရေးတို့အတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြန်လည်ရှင်းပြခဲ့တယ်လို့ ကိုအောင်သူက ပြောပါတယ်။
ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် ဟာ ဒီကနေ့မှာဘဲ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့ဆုံအပြီး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ Mr. Fredrik Reinfeldt ဟာ မနေ့တုန်းကတော့ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
| ကိုအောင်သူ အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |