ကချင်ဒုက္ခသည် ကလေးတွေကို ၈၈မျိုးဆက်ကျောင်းသားများ အနွေးထည် လှူဒါန်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ စစ်ဘေးဒုက္ခသည် စခန်းတွေက အသက် ၁၂ နှစ်အောက်အရွယ် ကလေးတွေအတွက် ဆောင်းရာသီမှာ ဝတ်ဖို့ အနွေးထည် ၁ ထောင်ကို ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ဒီကနေ့ ပေးပို့လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။
2012-11-17
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
kachin-refugee-children-b305
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့၏ ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်က မှတ်တမ်းပုံ ဖြစ်ပါသည်။
RFA

၈၈ မျိုးဆက်ကျောင်းသားတွေက ပေးပို့လှူဒါန်းလိုက်တဲ့ အနွေးထည်တွေကို ဒီကနေ့မနက် ၁၀ နာရီက ဖားကန့်ဒေသမှာရှိတဲ့ NLD အဖွဲ့ဝင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ဒေသခံတွေက စစ်ဘေးဒုက္ခသည် စခန်းတွေက ကလေးငယ်တွေကို သွားရောက်လှူဒါန်းနေတယ်လို့ ဖားကန့်မြို့ခံဦးချိုက RFAကို ပြောပါတယ်။

လတ်တလောအခြအနေမှာ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း ၁၂ ခုလောက်ရှိနေပြီး စစ်ဘေးရှောင်ပြည်သူ ၂ ထောင်လောက် ရှိတယ်လို့ သိရပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

THU YEIN

နေရပ်- KALAW TOWN

Weldon.Very much Thank you all.

Nov 25, 2012 01:31 PM