အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ၈၈ မျိုးဆက်ညီလာခံကို ဖို့ဒ်ဝိန်းမြို့တော်ဝန် Tom Henry က သဝဏ်လွှာပေးပို့ လိုက်သလို မြန်မာနိုင်ငံအပါအဝင် ကနေဒါ၊ ဥရောပနဲ့ အမေရိကန်ပြည်နယ်အသီးသီးက ၈၈ မျိုးဆက်တွေ တက်ရောက်နေကြပါတယ်။
ညီလာခံ ပထမနေ့ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ ညီလာခံကျင်းပရေး ကော်မတီဝင် ကိုဇော်လွင်ထွန်းက RFA ကို အခုလိုပြောပါတယ်။
"သဝဏ်လွှာလုပ်တာကို ဒီက Diversity Department က ကြိုဆိုတဲ့စကားပြောတယ်၊ ပြီးတော့ ဆရာတော် ဦးခေမာစာရက ညီလာခံအမှာစကားပြောတယ်၊ ကိုမင်းဇေယျာ အမှာစကားပြောတယ်၊ သူ့ Panel တွေအလိုက် ဆွေးနွေးတယ်"
ညီလာခံကျင်းပနေစဉ်မှာ ရန်ကုန်မြို့က ၈၈ မျိုးဆက်ကျောင်းသားဟောင်းတချို့ကလဲ Skype အင်တာနက်ကနေ တိုက်ရိုက်ပါဝင်ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဖို့ဒ်ဝိန်းမြို့မှာကျင်းပနေတဲ့ နိုင်ငံတကာ ၈၈ မျိုးဆက်ညီလာခံနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြပါလိမ့်မယ်။