(၈၈) မျိုးဆက် စစ်ပြေးဒုက္ခသည်များကို တွေ့ဆုံအားပေး

ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့မှာတော့ တိုက်ပွဲတွေကြောင့် ဖားကန့်မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်။
2012-09-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
88-gs-donate-kachin-society-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ၈၈ မျိုးဆက်ကျောင်းသားများက ကချင်စစ်ဘေးဒဏ်ခံ ပြည်သူများ၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များအား အလှူငွေ ပေးအပ်လှူဒါန်းနေစဉ်။
Photo courtesy of 88 Generation Students

ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုသက်ဇော်နဲ့ ကိုမာကီးတို့ဟာ ဒုက္ခသည်တွေကို အားပေးစကားပြောပြီးတဲ့နောက် ဖားကန့်လူထုနဲ့လည်း တွေ့ဆုံဟောပြောခဲ့တယ်လို့ ဖားကန့် NLD ပါတီမှ ဦးလှဆိုင်းက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ နမ့်မဖြစ် IDP camp ကိုသွားနေတယ်အခု။ မော်စီဇာထဲလည်း ဝင်သေးတယ်။ မော်စီဇာပြီးတာနဲ့ နမ့်မဖြစ်ဆိုတာရောက်မယ်။ IDP camp မှာ IDP တွေကို အားပေးစကားပြောမဲ့ အစီအစဉ်ရှိပါတယ်။ ခုလောလောဆယ်က ပထမဦးဆုံး ကျွန်တော်တို့က လုံးခင်း ဘေလီတံတားအကျော် လမ်းဆုံ လမ်းခွမှာ ကိုမင်းကိုနိုင်ကနေပြီးတော့ လူထုကို အာေးပးစကားပြောတယ်"

ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ မနက်ဖြန်မှာတော့ ဖားကန့်မြို့ကနေ မိုးကောင်းမြို့ကို ဆက်လက် ထွက်ခွာမှာဖြစ်ပြီး စက်တင်ဘာလ (၁၈) ရက်နေ့ မိုးကောင်းမြို့က ပစ္ဆိမာရုံကျောင်းတိုက်မှာ မိုးကောင်းဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံပြီး မြစ်ကြီးနားကို ပြန်မယ်လို့ သိရပါတယ်။

မနေ့တုန်းကတော့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေရဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့ကြပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အာ လူး

ကောင် ကိုး ကို ပြု ကောင်း မှု ကိုယ် ပ်ုင် ရ
စေ သော် ။

Sep 17, 2012 04:00 PM