ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုသက်ဇော်နဲ့ ကိုမာကီးတို့ဟာ ဒုက္ခသည်တွေကို အားပေးစကားပြောပြီးတဲ့နောက် ဖားကန့်လူထုနဲ့လည်း တွေ့ဆုံဟောပြောခဲ့တယ်လို့ ဖားကန့် NLD ပါတီမှ ဦးလှဆိုင်းက RFA ကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့ နမ့်မဖြစ် IDP camp ကိုသွားနေတယ်အခု။ မော်စီဇာထဲလည်း ဝင်သေးတယ်။ မော်စီဇာပြီးတာနဲ့ နမ့်မဖြစ်ဆိုတာရောက်မယ်။ IDP camp မှာ IDP တွေကို အားပေးစကားပြောမဲ့ အစီအစဉ်ရှိပါတယ်။ ခုလောလောဆယ်က ပထမဦးဆုံး ကျွန်တော်တို့က လုံးခင်း ဘေလီတံတားအကျော် လမ်းဆုံ လမ်းခွမှာ ကိုမင်းကိုနိုင်ကနေပြီးတော့ လူထုကို အာေးပးစကားပြောတယ်"
ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ မနက်ဖြန်မှာတော့ ဖားကန့်မြို့ကနေ မိုးကောင်းမြို့ကို ဆက်လက် ထွက်ခွာမှာဖြစ်ပြီး စက်တင်ဘာလ (၁၈) ရက်နေ့ မိုးကောင်းမြို့က ပစ္ဆိမာရုံကျောင်းတိုက်မှာ မိုးကောင်းဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံပြီး မြစ်ကြီးနားကို ပြန်မယ်လို့ သိရပါတယ်။
မနေ့တုန်းကတော့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေရဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့ကြပါတယ်။