ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် တာချီလိတ်မြို့ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြို့ခံ ရှေ့နေတချို့ ဒီကနေ့မနက် တွေ့ဆုံစဉ်မှာ အခုလိုဆွေးနွေးခဲ့ကြတာလို့ ကိုပြုံးချိုက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ တာချီလိတ်မြို့ခံ ရှေ့နေတွေအပြင် ပရဟိတ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုပြုံးချို အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ တာချီလိတ်မြို့ခံတွေနဲ့ တွေ့ဆုံပြီးနောက် ဟောပြောပွဲတရပ် ကျင်းပခဲ့ပြီး လူထုနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
