၈၈ မျိုးဆက် ခေါင်းဆောင်များ ဟင်္သာတ သွားမည်

2012-02-19

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ဟသာင်္တမြို့ကို မနက်ဖြန် ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့မှာ သွားရောက်ပြီး မြို့ခံ ဒီမိုကရေစီ လိုလားသူတွေနဲ့ တွေဆုံဖို့ ဖိတ်ကြားထားကြောင်း ဟင်္သာတ မြို့ခံတွေက ပြောကြပါတယ်။

ကိုမင်းကိုနိုင်နဲ့ အဖွဲ့ကို ၂ဝ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဟင်္သာတမြို့နယ် ခန်းမတစ်ခုဖြစ်တဲ့ ဦးအောင်မြတ်ကျော် ပြည်လုံးချမ်းသာ ခန်းမမှာ တွေ့ဆုံဖို့ မြို့ခံတွေကို လှည့်လည် ဖိတ်ကြားထားတယ်လို့ ဟင်္သာတ ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုကျော်စွာက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေကို အခုလို ဖိတ်ကြားပြီး မြို့ခံတွေနဲ့ တွေ့ဆုံဖို့ စီစဉ်တာ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ကိုကျော်စွာက ပြောပါတယ်။

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ နိုဘယ် အခမဲ့ ပညာရေးကျောင်း ထူထောင်ထားတဲ့ ပရဟိတ ဆရာတော် ဦးဥာဏလင်္ကာရ နဲ့ မနက်ပိုင်းမှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်