အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသား ၅ ဦး တွေ့ခွင့်တောင်း

2011-10-28

မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံရေးအခြေအနေ ကို လေ့လာနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Marty Natalegawa နဲ့ တွေ့ဆုံပြီး ဆွေးနွေး တင်ပြနိုင်ရေးအတွက် လတ်တလော အကျဉ်းထောင် တွေက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက စာရေး တောင်းဆိုထားတယ်လို့ သိရပါတယ်။

စာရေးသား တောင်းဆိုထားသူတွေ ကတော့ ကိုချစ်ကိုလင်း၊ ကိုသော်ဇင်ထွန်း၊ မနိုးနိုး၊ ကိုကိုကြီး (စမ်းချောင်း) နဲ့ ကိုဇော်ထက်ကို တို့ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ ကတည်းက စာရေးသား တောင်းဆိုထားတာလို့ ကိုချစ်ကိုလင်း က အာအက်ဖ်အေကို ပြောပါတယ်။

သူတို့ ရေးသား တောင်းဆိုတဲ့ စာမှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက် မရှိ လွှတ်ပေးရေး၊ တိုင်းရင်းသား နယ်မြေတွေက ထိုးစစ်တွေ ရပ်စဲရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား အဖွဲ့တွေနဲ့ ဆွေးနွေးရေး အတွက် အာဆီယံ ဥက္ကဋ္ဌ တဦးအနေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရကို တိုက်တွန်းပေးဖို့ ရေးသား ထားတယ်လို့ ပြောပါတယ်။

ဒီစာကို ရန်ကုန်မြို့က အင်ဒိုနီးရှား သံရုံးမှာ လူကိုယ်တိုင် ပေးအပ်ခဲ့သလို၊ စာတိုက် နဲ့ အီးမေးလ်က တဆင့်လည်း ပေးပို့ခဲ့တယ်လို့ ကိုချစ်ကိုလင်းက ပြောပါတယ်။

မနေ့က အထိတော့ အင်ဒိုနီးရှား သံရုံးက စာပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာမှ အကြောင်းပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။






ပုံမှာ မြင်ရသည့် စာလုံးများအတိုင်း ထည့်သွင်းပေးရပါမည်။



ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော

၈၈ ကျောင်းသားများအဖွဲ့ ပါတီနိုင်ငံရေး လုပ်ဖို့ အစီအစဉ် မရှိ

ကိုမင်းကိုနိုင်ရေးတဲ့ သံချပ်နဲ့ ကျောင်းသားများ ဖျော်ဖြေ

၈၈ ကျောင်းသားများ ရွေးကောက်ပွဲ အစီရင်ခံစာထုတ်ပြန်

၈၈ ကျောင်းသားတွေရဲ့သတင်းစာရှင်းပွဲ စာအုပ်ထုတ်

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ၈၈ မျိုးဆက်ကျောင်းသားများ ထောက်ခံ

ရွှေည၀ါဆရာတော်အရေး ၈၈ ကျောင်းသားများ သဘောထားဖေါ်ထုတ်

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဦးစားပေး လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာ့ ဒီမိုကရေစီရေး အင်ဒိုနီးရှားက ကူညီမည်