ကိုမြအေးရဲ့ "မိုးကောင်းကင်၌ တိမ်တိုက်များ" ဝတ္ထု ထုတ်ဝေဖြန့်ချိမယ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး အကျဉ်းထောင်တွင်း ရေးသားခဲ့တဲ့ " မိုးကောင်းကင်၌ တိမ်တိုက်များ " အမည်ရှိ မိသားစုဘ၀တွေအကြောင်း ၀တ္ထုဇာတ်လမ်းကို လာမဲ့ သီတင်းပတ်အတွင်း ထုတ်ဝေဖြန့်ချိမယ်လို့ သိရပါတယ်။
2012-07-25
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒီစာအုပ် ရေးသားထုတ်ဝေရတာဟာ မိသားစုဘ၀အတွင်းက လေးစား တန်ဖိုးထားစရာတွေကို သိမြင်တတ်စေဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်လို့ ကိုမြအေးက RFA ကို အခုလို ပြောပါတယ်။

"ဒီဝတ္ထုရဲ့ အတွေးကို ဟိုလွန်ခဲ့တဲ့ ၁၅ နှစ် ကျွန်တော်ထောင်ထဲမှာ နေစဉ်တုန်းက ရခဲ့တယ်။ အဲတုန်းက ထောင်ထဲမှာက ကျွန်တော်တို့ လွတ်လွတ်လပ်လပ် မရှိဘူးလေ။ စာဖတ်ခွင့်၊ စာရေးခွင့် ဆိုတာလည်း မရှိဘူး။ အပြင်ထွက်ရတဲ့ ရေချိုးဆင်းတဲ့ အချိန် တစ်နာရီ လောက်ဆိုတာပဲ ရှိတာပေါ့။ ကျန်တဲ့ ၂၃ နာရီက ကျွန်တော်တို့က အခန်းထဲမှာပဲ လူ သုံး လေး ငါးယောက် နေရတာဆိုတော့ ဇာတ်လမ်းတွေ ပြောကြတယ်ဗျာ။ အဲပေါ်မှာ အဲဒီဝတ္ထုလေးတွေ တွေးပေါ့ဗျာ။ အဲဒါလေးကို စခဲ့တယ်။ လွိုင်ကော်ထောင်မှာ အကြမ်းရေးဖြစ်တယ်။ တောင်ကြီးထောင်မှာ ကျွန်တော် အချောသတ်တာပေါ့။ အဓိကက ကျွန်တော် နိုင်ငံရေး လုပ်တာက ဆင်းရဲသားတွေ အတွက်ကို ကျွန်တော် လုပ်တယ်ဗျာ။ အဲဒီအပေါ်မှာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ လူတိုင်း လူတိုင်းမှာ မိသားစုဘဝလေး တစ်ခုကို ပိုင်ဆိုင်ချင်ကြတယ်ဗျာ။ အဲဒီ မိသားစုဘဝလေး တစ်ခုကို ရှိနေတဲ့သူတွေက မြတ်နိုးရကောင်းမှန်း၊ တန်ဖိုးထားရကောင်းမှန်း ဆိုတာ မသိဘူးပေါ့နော။ အဲတော့ တစ်ခုခုကြောင့် ပြိုလဲသွားပြီဆိုရင် မိသားစုဘဝလေးက ပြန်ပြီး အစားထိုးနိုင်ဖို့ အရမ်းခက်တယ်"

စာအုပ်မိတ်ဆက်ပွဲကို သြဂုတ်လ ၅ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ကြောင်းနဲ့ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ သဘောတူညီထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရေးသားတဲ့ နောက်ကြည့်မှန် ၀တ္ထုကို ထုတ်ဝေခဲ့ပြီး ဒါရိုက်တာ ၀င်းထွန်းထွန်းက ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

iitcm

နေရပ်- Kuala Lumpur

Good, Ko Mya Aye. I appreciate that, even though you are Islam, I agree that you doing the good thing for the country. I imagine that if our country is no confilct about race, religion, it would be peaceful life for all citizen of Myanmar. No matter who we are, we all are make in Myanmar, isn't it?

Jul 26, 2012 01:39 AM