ကိုမင်းကိုနိုင်က အကြောက်တရား ကင်းဝေးရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ထူထောင်ဖို့ အဓိက ဟောပြောခဲ့တယ်လို့ မြို့ခံ NLD စည်းရုံးရေးအဖွဲ့ဝင် ဦးအေးခိုင်က ပြောပါတယ်။
မနေ့တုန်းကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ မန္တလေးတိုင်း ပုဂံမြို့က အောင်ချမ်းသာ မြို့လယ်ဓမ္မာရုံမှာ ဒေသခံ လူထု ၃၀၀၀ လောက်နဲ့ ည ၇ နာရီ တွေ့ဆုံခဲ့ကြပါတယ်။
ပုဂံမြို့ဟာ မြန်မာနိုင်ငံ စတည်ထောင်တဲ့နေရာ ဖြစ်တာကြောင့် ယဉ်ကျေးမှုကို ဝိုင်းဝန်းထိန်းသိမ်းကြဖို့ ပုဂံသားတွေလည်း တာဝန်ရှိတဲ့ အကြောင်းတွေ ပြောခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက RFA ကိုပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ ညနေပိုင်းမှာ ကျောက်ပန်းတောင်းကနေ ချောက်မြို့က ၈၈ ရုံးခန်းကို သွားရောက်ပြီးနောက် အဲဒီကနေ ဆင်ဖြူကျွန်းမြို့ကို ဆက်လက် ထွက်ခွာမှာဖြစ်ပြီး ဆင်ဖြူကျွန်း ဒေသခံတွေနဲ့ ည ၈ နာရီမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဒီအတောအတွင်း ရန်ကုန်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကလည်း ရန်ကုန်မြို့ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းက စည်ပင်ဝင်းမှာ ဆိုင်ခန်းဌားနေတဲ့ လူတွေကို စည်ပင်ဌာနက မနက်ဖြန်အပြီး အဓမ္မ ဖယ်ရှားခိုင်းနေတဲ့ကိစ္စကို ချက်ချင်းမဖယ်ရစေဖို့ အကူအညီတွေ ပေးခဲ့တယ်လို့ သိရတယ်။
