အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရှေ့ ဆက်လုပ်ငန်းစဉ်တွေကို ဆွေးနွေးနိုင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင်တွေနဲ့ မကြာခင်မှာ တွေ့ဆုံသွားမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။
လက်ရှိ အခြေအနေဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလအတွက် အရေးကြီးတဲ့ အချိန် ဖြစ်တာကြောင့် ဒီနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၁၄ ခုနှစ်ဟာ အရေးကြီးတဲ့နှစ်ဖြစ်ကြောင်း၊ အဲဒီလို ဖြစ်နိုင်ဖို့အတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာသွားရ မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၊ ကိုမြအေးနဲ့ ကိုဂျင်မီတို့ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးအပြီး ဒီနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီအကြောင်း ကိုဂျင်မီကို RFA အဖွဲ့သား ကိုဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဦးဝင်းတင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
