ပြည်တွင်းပြည်ပ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပြန်လည်တွေ့ဆုံ

နှစ်ပေါင်း ၂၄ နှစ်ကြာဝေးကွာနေတဲ့ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ အမှတ်တရ ပြန်လည် ဆုံစည်းပွဲကို ဒီကနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
2012-09-02
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
88-meet-exile-88-group-0902-b305
ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းသို့ ရောက်ရှိလာသည့် ကိုမိုးသီးဇွန် အပါအဝင် ပြည်ပမှ ခေတ္တ ပြန်လည်ရောက်လာကြသော ယခင်က လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများအား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက် တွေ့ဆုံနေစဉ်။
Photo courtesy of 88 Generation Students Group Facebook

နိုင်ငံရေးအရတွေ့ဆုံတာမျိုး မဟုတ်ဘဲ မိတ်ဆွေ အပေါင်းအသင်းတွေ ပြန်ပြီး ဆုံတွေ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေတဲ့ ကိုမိုးသီးဇွန်က ပြောပါတယ်။

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ပြည်တွင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံကို လေးပတ်ကြာရောက်နေတဲ့ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပြန်ပြီး ဆုံတွေ့ကြတာ ဖြစ်ပါတယ်။
ကိုမိုးသီးဇွန်တို့ ခရီးစဉ်ဟာ လက်ရှိ နိုင်ငံရေး အပြောင်းအလဲမှာ ပြည်ပရောက် အတိုက်အခံ အင်အားစုတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေ အတွက် သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ လာရောက်လေ့လာတာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေရဲ့ အမှတ်တရ ပြန်လည်ဆုံစည်းပွဲနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Old 88 student

We are very respect to All students leaders in Burma especially, Ko Min Ko Naing, Ko Ko Gyi and Ko Mya Aye. Ko Mya Aye is a Burmese Muslim. But Ko Mya Aye don't bias to Rohingya. Ko Mya Aye is fair. But I know that Moe Thee Zun is a Buddhist. But I don't know that why he bias to Rohingya. Before we all respect student leaders including Moe Thee Zun. I saw his video that he bias to Rohingya. Please behold Partiotism and stand on ruthfulness about Rakhine's righteousness.

Sep 03, 2012 03:40 AM

SAN SAN AYE

နေရပ်- SINGAPORE

I hope this friendship meeting will be a road to democracy quickly.

Sep 02, 2012 10:21 AM