ဦးရာရှစ် ရာပြည့် အခမ်းအနား ရန်ကုန်မှာ ကျင်းပ

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ရဲ့ ပထမဆုံး ဥက္ကဋ္ဌဖြစ်တဲ့ ဦးရာရှစ် ရာပြည့် အထိမ်းအမှတ် အခမ်းအနားကိုရန်ကုန်မြို့၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-11-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u_yarshit_305
ဦးရာရှစ် နှစ်တစ်ရာပြည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပုံ
Photo: RFA\Nay Myo Htun

ဒီကနေ့ ဦးရာရှစ် နှစ်တစ်ရာပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောကြားခဲ့ပါတယ်။

"သမိုင်းမှာ ထိုက်ထိုက်တန်တန် နေရာယူပေးခဲ့တဲ့ တာဝန်ပေးခဲ့တဲ့ ကျွန်တော်တို့ လူမျိုးရဲ့ အင်မတန် သဘောထားကြီးကြောင်းကိုလည်း ဆက်ပြီးတော့ ပြပါ။ကျွန်တော်တို့ ဒီကနေ့ အရေးကြီးနေတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ လူမျိုးမခွဲဘူး၊ဘာသာ မခွဲခဲ့ဘူးဆိုတဲ့ အစဉ်အလာကို ဆက်ပြီး ထိန်းရမယ်။တစ်ဘက်ကလည်း ဘယ်ဘာသာ၊ဘယ်လူမျိုး ဖြစ်ဖြစ် ကျွန်တော်တို့က နိုင်ငံသားမှန်ရင်  နိုင်ငံသား အခွင့်အရေး အပြည့် ပေးသလို ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အပေါ်မှာလည်း သစ္စာရှိကြောင်းကိုလည်း ကျွန်တော် တိုက်တွန်းပါတယ်"


တ.က.သ နဲ့ ဗ.က.သ ဥက္ကဌဟောင်း ဦးရာရှစ် နှစ်တစ်ရာပြည့် အခမ်းအနားကို ဝါရင့်နိုင်ငံရေးသမားတွေ ဖြစ်တဲ့ ဦးဝင်းတင်၊ ဦးတင်ဦးစတဲ့ နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ရဟန်းသံဃာတော်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့  လူပရိသတ် (၅၀၀) ကျော် တက်ရာက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ တ.က.သ/ဗ.က.သ ဥက္ကဌ ဦးရာရှစ် ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီက  ၁၉၆၂ ခုနှစ်က ဖျက်ဆီးခံခဲ့ရတဲ့ တ.က.သ အဆောက်အဦးကို မူလနေရာမှာ ပြန်လည် တည်ဆောက်ပေးရေး၊ ကျောင်းသား သမဂ္ဂ သမိုင်းကို ကျောင်းသုံးစာအုပ်တွေမှာ ပြန်လည် ထည့်သွင်း ဖော်ပြပေးရေး စတဲ့အချက်တွေ ပါဝင်တဲ့ သဘောထား ထုတ်ပြန်ချက် တစ်ခုကို ဖတ်ကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအတွက် ရံပုံငွေ ရှာဖွေတဲ့အနေနဲ့ (၅)ရက်ကြာ ပြုလုပ်မယ့် ရှင်သန်ဖူးဝေ ကံ့ကော်မြေ ပန်းချီပြပွဲ ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာရှိတဲ့ ယုဒဿန်ခန်းမမှာ ဒီကနေ့ မနက်က စတင်ဖွင့်လှစ် ပြသရောင်းချနေပြီဖြစ်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Old Myoma Students

We're very respect U Rashid along with U Ba Oo, U Tun Sein, U Thi Han, U Nu, General Aung San, U Ba Swe, U Ba Hein, U Kyaw Nyein, Myoma U Than Kywe, Dr. Than Tun, Thuriya U Than Maung, etc.... They all are student leaders of Burma. Although U Rashid is Muslim, he never betray on land of Burma and he never insult on Buddhism.

Nov 09, 2012 12:33 AM

Old Myoma Students

U Ba Oo was FIRST president of Rangoon University Students Council in 1920. U Tun Sein was first president of Rangoon University Students Union and U Ba Sein was secretary of RUSU in 1931. U Nu's political life started as president of the Rangoon University Students Union (RUSU) with Mr. M. A. Rashid as Vice-President and U Thi Han as the General Secretary. General Aung San was Editor and Publicity Officer. U Nu and General Aung San were both expelled from the university after an article, Hell Hound Turned Loose, appeared in the union magazine, which was obviously about the University Principal. Their expulsion sparked off the second university students' strike in February 1936. So U Rashid is NOT first president of Rangoon University Students Union.

Nov 09, 2012 12:32 AM

အမည်မဖော်လိုသူ

Remember U Rashid is Muslim. Muslim paid Blood for country

Nov 06, 2012 03:22 AM

Old Myoma Students

We respect U Rashid (ဦးရာရှစ်)'s national spirit of Burma. Although U Rashid is Muslim, he did not insult on Buddhism. Then, he respect on Buddhism. He never betray land of Burma.

Sayagyi U Razak (ဆရာကြီး ဦးရာဇတ်) initiated calls for unity between Burmese Muslims and Buddhists. His father was a Muslim and his mother was a Buddhist. So Sayagyi U Razak was a Muslim and a Buddhist. He respect on Buddhism, educating himself on Pali, the sacred script of Theravada Buddhism, and helped found the Mandalay College (modern Mandalay University). Sayagyi was a cabinet minister in General (Bogyoke) Aung San's pre-independence interim government, and was assassinated on 19 July 1947 along with six other cabinet ministers. July 19th is commemorated each year as Martyrs' Day in Myanmar. Sayagyi never betray land of Myanmar.

U Rashid and Sayagyi U Razak are GOOD EXAMPLE for all Burmese-Indian Muslims in Burma (Myanmar). We, Burmese people BOW and RESPECT them.

Nov 06, 2012 02:37 AM