မနက်ပိုင်းမှာတော့ လူစည်ကားတဲ့ ရန်ကင်းစင်တာနဲ့ ဖဆပလ-စီးတီးမတ်တွေမှာ သွားရောက်ဖျော်ဖြေခဲ့သလို ညနေပိုင်းမှာလည်း ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခြံနဲ့ ဗိုလ်ချုပ်ရွာက ပြည်သူတွေကို သွားရောက် ဖျော်ဖြေခဲ့ကြောင်း သိရပါတယ်။ ဒီသြင်္ကန်သံချပ်အဖွဲ့ဟာ မနက်ဖြန်မှာလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက်ပြီး သံချပ်ထိုးကြမှာဖြစ်ပြီး အခြားနေရာတွေကိုလည်း သွားရောက် ဖျော်ဖြေ ကြဦးမှာ ဖြစ်ပါတယ်။ ၈၈-မျိုးဆက်အဖွဲ့ရဲ့ သြင်္ကန်သံချပ်တွေကို ကိုမင်းကိုနိုင်က အဓိက ရေးစပ်ထားတာဖြစ်ပြီး အဲဒီအဖွဲ့ထဲမှာ အဖွဲ့ဝင် (၂၀) လောက်ပါဝင်ပါတယ်။ သူတို့အဖွဲ့နဲ့အတူ မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့က ပူးတွဲပြီး လိုက်လံ ဖျော်ဖြေနေတာ ဖြစ်ပါတယ်။ ဒီအကြောင်း အာအက်ဖ်အေ ဝိုင်းတော်သား ဦးခင်မောင်စိုး ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။
0:00 / 0:00
