ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ၈၈မျိုးဆက်တွေ တောင်းဆို

ကချင်ပြည်နယ်မှာ အခုရက်ပိုင်းတွေ အတွင်း ကေအိုင်အေနဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲတွေ အရှိန်ပြင်းထန်လာတဲ့အတွက် နှစ်ဖက်တပ်တွေ အကြား တိုက်ခိုက်မှုတွေရပ်စဲပေးဖို့၊ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆွေးနွေးဖို့ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့က ဒီဇင်ဘာလ ၃၁ရက်နေ့ ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2012-12-31
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
88-gs-kokogyi-negotiate-b305
၂၀၁၂ ခုနှစ် ဇွန်လ ၄ ရက်က လှိုင်သာယာ၊ ကနောင်ခန်းမတွင်ပြုလုပ်သော ဆန္ဒပြ အလုပ်သမားများအရေးကိစ္စ ဆွေးနွေးပွဲ၌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး စကားပြောကြားနေစဉ်။
RFA

ဒီသတင်းစာရှင်းလင်းပွဲကို သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာ၊ လဂျားယန် အစရှိတဲ့ ဒေသဖက်မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် စစ်ပြေးဒုက္ခသည်တွေ ပိုများလာမှာကို စိုးရိမ်ကြောင်းနဲ့ ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြောင်း၊ အစိုးရတပ်က ဖြစ်စေ၊ ကေအိုင်အေဘက်ကဖြစ်စေ ထိခိုက်ကျဆုံးမှုတွေဟာ ပြည်ထောင်စုရဲ့ ဆုံးရှုံမှုပင်ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ပွဲအရှိန်မြင့်တက်နေမှုတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ထိခိုက်စေကြောင်း၊ မိမိတို့အနေနဲ့ အပစ်ခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေ အထမြောက်အောင်မြင်ဖို့ရန်အတွက် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း  ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ပါဝင်ပါတယ်။

ဒါ့အပြင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မစမ်းစမ်းမော်၊ မမီမီလွင် အစရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကချင်ပြည်နယ် လိုင်ဇာနဲ့ မိုင်ဂျာယန်ဒေသတွေက ဒုက္ခသည်စခန်းတွေကို အလှူငွေနဲ့အဝတ်ထည်တွေ မနက်ဖြန်မှာ သွားရောက်လှုဒါန်းမှာ ဖြစ်တဲ့အပြင်၊  ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

D moon

တံတားတွေမီးရထားလမ်းတွေဖျက်စီးတာစစ်ရေးအရဆိုတာလက်ခံစရာမရှိပါkiaခေါင်းဆောင်တွေကောင်းစားရေးအတွက်အသက်ပေါင်းများစွာဆုံးရှုံးနေရတာပါ။

Jan 08, 2013 03:30 AM

အမည်မဖော်လိုသူ

Hey 88 generation students, action speaks louder than words. Why do you plan to go to the Philippines, while there are attacks against the Kachins, our brothers? Just to dodge questions about the sensitive issue of Kachin State?

Jan 02, 2013 10:49 AM

အမည်မဖော်လိုသူ

The President cannot command the Burmese Army. He is a toothless President. It is now very clear that who has the power. The Executive Branch, the Legislative Branch, the Judicial Branch are just puppets. The Power is in the hand of Min Aung Hlaing and his puppet master and Uncle, Than Shwe.

Jan 01, 2013 11:33 AM

မောင်ကျောင်းသား

နေရပ်- ရန်ကုန်

တိုင်းရင်းသားစည်းလုံးညီညွန့်ေ၇းကိုအမှန်တကယ်လိုလား၇င် ဒီမိုကေ၇စီနည်းစနစ် အစစ် ကျင့်သုံးဘို့လိုပါသည်။

Jan 01, 2013 07:24 AM

အမည်မဖော်လိုသူ

All those words are very true mean of lives in burma. We need peace not war.We live same land drink same water we are the people of burma.We should take care each other and rebuild our country together.Please make a peace,love and do the best for country.Thanks a lot

Jan 01, 2013 03:27 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.