၈၈ မျိုးဆက်နဲ့ ကယန်းမျိုးဆက်သစ် လူငယ် ကြေညာချက် ထုတ်ပြန်

တိုင်းရင်းသားဒေသတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတွေအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ကရင်နီပြည်နယ် လူငယ်အဖွဲ့အစည်းတို့က ဒီကနေ့ သဘောတူ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ အချက် ၄ ချက်ကို သဘောတူဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။

တိုင်းရင်းသားဒေသတွေက ပြည်သူတွေရဲ့ဘ၀ ဖွံံ့ဖြိုးတိုးတက်ရေးတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

ကယန်းပြည်သစ်ပါတီက ကြီးမှူးကျင်းပတဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ သံတောင်ကြီး၊ လိပ်သိုမြို့နယ်ခွဲမှာရှိတဲ့ သောက်ရေခပ်ရွာမှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။

အဲဒီပွဲကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများ အဖွဲ့ချုပ် အမှုဆောင်တွေ၊ ပြည်နယ်အစိုးရဝန်ကြီးတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအခမ်းအနားအကြောင်းနဲ့ ဒေသခံကယန်းလူမျိုးတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00