မြန်မာအစိုးရရဲ့ ပြည်တွင်းပိတ်ဆို့မှု ၈၈ ကျောင်းသားများ ထောက်ပြ

မြန်မာအစိုးရဟာ ပြည်ပနိုင်ငံတွေရဲ့ ပိတ်ဆို့ ပြစ်ဒဏ်ခတ်ထားတာကို ထောက်ပြ ဝေဖန်လေ့ရှိပေမယ့် အစိုးရကိုယ်တိုင်က မြန်မာပြည်သူတွေကို ပိတ်ဆို့ အရေးယူထားကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

2012.04.30
ko-ko-gyi-hiv-fund-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက တေးဂီတပညာရှင်များနှင့် ပူးပေါင်းပြုလုပ်သော HIV ဝေဒနာသည်များအတွက် ရန်ပုံငွေရှာပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် မင်းကိုနိုင် (ဝဲ)နှင့် ကိုကိုကြီး (ယာ) တို့ကို တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle က နိုင်ငံရေးနဲ့ လူထုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ Chatrium Hotel မှာ ဖိတ်ကြားဆွေးနွေးချိန် အဲဒီလို ပြောကြားလိုက်တာပါလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက RFA ကို ပြောပါတယ်။

ဂျာမဏီနိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအလိုက် အကူအညီတွေ ပေးသွားဖို့ ရှိတယ်လို့ ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြောင်း ကိုကိုကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံပေါ် ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းရေးဟာ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်မြန်ဆန်အောင် လုပ်မလဲ ဆိုတဲ့ပေါ်မှာ မူတည်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က သုံးသပ်တယ်လို့ ကိုကိုကြီးက ပြောပါတယ်။

ဂျာမန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အခြားသူတွေလည်း တက်ရောက်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။