၈၈ တွေကို ဟင်္သာတက ကြိုဆို

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ဒီမိုကရေစီအင်အားစုများနဲ့ လူငယ်များကဦးဆောင်ပြီး မြို့နယ်လူထုနဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ မိတ်ဆက်ပွဲကို ဟင်္သာတမြို့နယ် ပြည်လုံးချမ်းသာဘုရား စည်းဝေးခန်းမမှာ ဒီကနေ့ ကျင်းပရာမှာ ပြည်သူလူထု သောင်းချီ တက်ရောက်ကြပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ ဟင်္သာတမြို့ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ ခရီးစဉ်နဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ခုလို ပြောဆိုပါတယ်။ “ကြိုဆိုကြတဲ့ပရိသတ်ရော၊ ဒီလို လုပ်ခွင့်ကိုင်ခွင့်ရတဲ့ အခြေအနေတွေအတွက်ကိုရော အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ကိုယ်နှိုက်ကလည်း ဒီလို ပွင့်လင်းလာတဲ့ လူ့အဖွဲ့အစည်းက အငွေ့အသက်တွေကို မြင်ရတယ်။ ဒါကို ဆက်ပြီး ထိန်းသိမ်းကြဖို့ ကျွန်တော် အဓိက အဲဒါပဲပြောချင်တယ်" ဆွေးနွေးပွဲကို မြို့ခံမြို့မိမြို့ဖတွေအပြင် အနီးအနားကျေးရွာတွေက လူငယ်တွေ၊ ကျောင်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ လူငါးထောင်လောက်ဆန့်တဲ့ခန်းမ ပြည့်လျှံသွားတဲ့အပြင်၊ အပြင်မှာပါ လူတွေ စောင့်ဆိုင်းနားထောင်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင် ကိုကိုကြီး မသီတာ (စမ်းချောင်း)နဲ့ဟင်္သာတထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မအေးသီတာတို့က ဟောပြောခဲ့တယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အသေးစိတ်ကို နားဆင်နိုင်ပါတယ်။

0:00 / 0:00