ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြောတာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက RFA ကို အခုလိုပြောပါတယ်။
"ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ဆောင်ပုဒ်ကတော့ ငါတို့မြို့ကို ငါတို့ပိုင်သည် ဆိုတဲ့ဆောင်ပုဒ်၊ အဲဒီဆောင်ပုဒ်အောက်မှာပဲ နံပါတ် (၁) မြို့တိုင်းမြို့တိုင်းမှာ အသင်းအပင်းတွေရှိရမယ်။ နံပါတ် (၂) အဲဒီအသင်းအပင်းတွေဟာ ကွန်ယက်ဖြစ်နေရမယ်။ နံပါတ် (၃) အဲဒီကွန်ယက်လှုပ်ရှားမှု အမြဲရှိနေရမယ်။ နံပါတ် (၄) area ရှိရမယ်။ အဲဒီအချက် ၄ ချက်ပေါ် မူတည်ပြီးတော့ မြို့တစ်မြို့ချင်းစီရဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း တည်ဆောက်ကြဖို့ ဟောပြောခဲ့ပါတယ်"
အဲဒီပွဲကို ဒေသခံ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။