0:00 / 0:00
ဒီဆုတောင်းပွဲကို ကိုမင်းဇေယျနေအိမ်မှာ ပြုလုပ်တာဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ အပါအဝင် စုစုပေါင်း ပရိသတ် ၅ဝ လောက် တက်ရောက်ခဲ့ကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ကိုဇာနည်က ပြောပြပါတယ်။
"အဓိကတော့ အကျဉ်းထောင် အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ ဆိုပြီး ကျနော်တို့ ဆုတောင်းတယ်"
ဒီပွဲနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက တစုံတရာ ဟန့်တားတာ မရှိဘူးလို့ သိရပါတယ်။
ဒီအကြောင်း အသေးစိတ်ကို ဒေါ်ညိုညိုက စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။