မန္တလေးနဲ့ နိုင်ငံတဝှမ်းမှာ ရှစ်လေးလုံး အခမ်းအနားတွေ ကျင်းပ


2013.08.08
88-sliver-jubliee-mandalay-305.jpg မန္တလေးမြို့မှာ သြဂုတ်လ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနားတွင် ရှစ်လေးလုံးသရုပ်ဖော် ပြဇတ်တစ်ခုကိုတွေ့ရစဉ်
photo: ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေးကော်မတီ(အထက်ဗမာပြည်)မ

ဒီနေ့ သြဂုတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနားတွေကို မန္တလေးအပါအင် မြို့ကြီးအတော်များများမှာ ကျင်းပခဲ့ကြပါတယ်။

မန္တလေးမြို့ ရှစ်လေးလုံး ငွေရတုအခမ်းအနားကို နိုင်ငံရေးပါတီတွေနဲ့ ကျောင်းသားအဖွဲ့တွေ စုပေါင်း ကျင်းပခဲ့တာဖြစ်ပြီး သံဃာအပါးတစ်ထောင်ကို ဘုံဆွမ်းလောင်းခဲ့သလို၊ သံဃာတော် ၈၈ ပါးကိုလည်း အာရုဏ်ဆွမ်းဆပ်ကပ်ခဲ့တယ်လို့ ဗကသအဖွဲ့က ကိုရဲရင့်ကျော်က RFA ကိုပြောပါတယ်။

မနက် ၄ နာရီခွဲမှာ သံဃာအပါး တစ်ထောင်ကို ကျနော်တို့ ဘုံဆွမ်းလောင်းလှူပါတယ်၊ ပင့်ဖိတ်လျှောက်ထားတဲ့ သံဃာတော်တွေကို ၈၈ ပါး သင်္ကန်းပရိက္ခာကပ်လှူတာ၊ ဝတ္တုငွေကပ်လှူတာနဲ့ အတူ မနက်ဆွမ်းကပ်လှူပါတယ်”

မန္တလေးမြို့မှာကျင်းပတဲ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ ငွေရတုအခမ်းအနား သဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ မန္တလေး အခမ်းအနားကို ဆရာကြီး ဟံသာတီဦးင်းတင်၊ ကဗျာဆရာကိုလေး (အင်းဂုဏ်ရည်)၊ ရှစ်လေးလုံးကာလက ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်တို့လည်း တက်ရောက်ခဲ့ပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့မှာလည်း ဒီနေ့မနက်ပိုင်းက ရှစ်လေးလုံးအခမ်းအနားကျင်းပခဲ့ရာမှာ ရှစ်လေးလုံးအရေးတော်ပုံမှာပါဝင်ခဲ့တဲ့ ပျဉ်းမနားမြို့နယ် NLD ပါတီအတွင်းရေးမှုး ဦးစိုင်းင်းနိုင်ဦးက ဒီနေ့ကျင်းပတဲ့ အခမ်းအနားအကြောင်း RFA ကိုပြောပါတယ်။

အဓိကကတော့ ညီညီညွှတ်ညွှတ်နဲ့ ကျနော်တို့နိုင်ငံကို ဘယ်လိုကောင်းအောင်၊ ဒီမိုကရေစီ ဘယ်လိုဖွံ့ဖြိုးလာနိုင်အောင် ဝိုင်းပြီးလုပ်ကြမယ်ဆိုတဲ့ ရှေ့ခရီးကိုပဲသွားကြရမှာပါ၊ ကျနော်တို့ရဲ့ ရှေ့ခရီးလမ်းဖြောင့်ဖြူးဖို့အတွက် အားလုံးညီညွှတ်မှဖြစ်မှာပါ၊ ဒါကြောင့် ဒီသဝဏ်လွှာတွေကိုလည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်”

ကချင်ပြည်နယ် မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်မြို့တွေမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့င်တွေကဦးဆောင်ပြီး ေငွရတုအခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ ရှစ်လေးလုံးကာလက ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ပြီး လက်ရှိကချင်ပြည်နယ်ရဲ့ အမျိုးသားဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှုး ဦးင်းနိုင်က အခမ်းအနားအကြောင်း RFA ကို ခုလိုပြောပါတယ်။

ဒီလိုနေနိုင်အောင်၊ ဒီလိုပြောနိုင်ဆိုနိုင်အောင် ကိုယ်ကျိုးစွန့်ပြီး အသက်ပေးသွားတဲ့သူတွေကို ကျနော်တို့အနေနဲ့ အများကြီးဂုဏ်ပြုသင့်တယ်လို့ထင်တယ်၊ ၈၈ ကာလတုန်းက ကျနော်တို့ သပိတ်စခန်းတွေဖွင့်၊ ကျနော်တို့ကျောင်းသားတွေကို အများကြီးအထောက်အပံ့ အကူအညီပေးခဲ့တဲ့ ဆရာတော်ကျောင်းမှာပဲ ဆွမ်းကပ်တရားနာတာလုပ်ခဲ့ပါတယ်”

၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့် အခမ်းအနားတွေကို မကွေးမြို့နဲ့ ကျောက်ပန်းတောင်းမြို့တွေမှာလဲ ဒီနေ့မနက်က ကျင်းပခဲ့ကြပါတယ်။

မကွေးမြို့က အခန်းအနားကို မြေလတ်ဒေသအနေနဲ့ ကျင်းပတာဖြစ်တဲ့အကြောင်း အခမ်းအနားကျင်းပရေးကော်မတီရဲ့ ပြောခွင့်ရသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မကွေးခရိုင်အတွင်းရေးမှူး မအေးမြတ်မွန်က ပြောပါတယ်။

ကျမတို့ မြေလတ်အနေနဲ့ လုပ်တယ်ဆိုတာက မြေလတ်အဖွဲ့ အကုန်လုံးပါပါတယ်ရှင့်၊ ကျမတို့ အခမ်းအနားအစီအစဉ်မှာ ပထမဆုံး ၆ နာရီလောက်မှာ ဘုန်းကြီးဆွမ်းကပ်တယ်ပေါ့၊ ၈ နာရီမှာ အခမ်းအနားစပါတယ်ရှင့်၊ သဝဏ်လွှာတွေဖတ်ကြတယ်၊ သပိတ်ခေါင်းဆောင်တွေရဲ့ သမိုင်းကြောင်းလေးတွေ ပြန်ပြောတယ်ပေါ့၊ ပြီးတော့ ကျမတို့အပေါ်မှာ ပုခုံးပြောင်းတာဝန်လွှဲပေးတယ်လို့လည်း ပြောလို့ရပါတယ်”

မကွေးမြို့က အခမ်းအနားကို တခြားမြို့တွေကလည်း တက်ရောက်ကြသလို၊ ဗကသများအဖွဲ့ချုပ် (ဗဟို) က ကိုယ်စားလှယ်တွေ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေနဲ့ အခြားနိုင်ငံရေးအင်အားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ကျောက်ပန်းတောင်းမြို့မှာကျင်းပခဲ့တဲ့ အခမ်းအနားနဲ့ ပတ်သက်လို့လည်း ကျင်းပရေးကော်မတီဝင် ကိုအောင်မိုးက အခုလိုပြောပါတယ်။

ကျနော်တို့ ဒီနေ့ရှစ်လေးလုံး အခမ်းအနားက ဘုန်းကြီးငါးပါးဆွမ်းကပ်ပြီးတော့ ရှစ်လေးလုံး အမှတ်တရလေးကျင်းပပါတယ်၊ ရှစ်လေးလုံးကာလက ပါခဲ့တဲ့လူတွေရဲ့ လုပ်ရပ်ကလေးတွေပေါ့၊ အဲဒါလေးတွေ ပြန်ပြောပြရင်း နောက်ထပ်ဒီနေ့ကျောင်းသားတွေလည်းလာရော နောက်မျိုးဆက် လူငယ်တွေလည်း ဒီ ၈၈ စိတ်ဓာတ်လေးတွေ ထပ်မံပေါက်ဖွားဖို့ပေါ့၊ အဲဒါလေးတွေ ပြောပြတာပါ”

ကျောက်ပန်းတောင်းမြို့က အခမ်းအနားကို ပရိတ်သတ် ၄ဝဝ ရာကျော်လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူပဲ ရှစ်လေးလုံး ငွေရတုနေ့အခမ်းအနားတွေကို မော်လမြိုင်၊ တောင်ကြီး၊ ပုသိမ်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်စတဲ့ မြန်မာနိုင်ငံတှမ်းမှာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

မန္တလေးမြို့က ရှစ်လေးလုံး ငွေရတုအခမ်းအနားအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။