၂၅ နှစ် ငွေရတုအခမ်းအနား ဖိတ်ဖို့ ၈၈ မျိုးဆက်အဖွဲ့ ထိုင်းနိုင်ငံကို သွားရောက်

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုစိုးထွန်း၊ မစန်းစန်းမော်။ မမီမီလွင် တို့အဖွဲ့ဟာ ဒီကနေ့ညနေ ၃ နာရီက ထိုင်းနိုင်ငံချင်းမိုင်မြို့ကို ရောက်ရှိလာပြီး ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာ ရောက်ရှိနေကြတဲ့ အဖွဲ့အစည်းတွေနဲ့ ၈၈ ရဲဘော်ဟောင်းတွေကို ၂၅ နှစ်ပြည့် ရှစ်လေးလုံးငွေရတု အခမ်းအနားတက်ရောက်ဖို့ ကိုယ်တိုင်ကိုယ်ကြ သွားရောက်ဖိတ်ကြားခဲ့ပါတယ်။

သြဂုတ်လ ၆ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပမည့် ၂၅ နှစ်ပြည့် ရှစ်လေးလုံးငွေရတု အခမ်းအနားတက်ရောက်ဖို့အတွက် WLB အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) ရုံးမှာ တွေ့ဆုံဖိတ်ကြားခဲ့တာဖြစ်ပြီး ပြည်ပမှာရောက်ရှိနေကြသူတွေကို အခုလို တလေးတစားနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိတ်ကြားရတဲ့ အကြောင်းအရင်းကိုတော့ ကိုမြအေးက ပြောဆိုပါတယ်။

"ကျနော်တို့က ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို အခမ်းအနားကျင်းပရုံ မဟုတ်ဘူးဗျာ၊ ကျနော်တို့ နိုင်ငံရေးအနှစ်သာရရှိရှိ ကျနော်တို့ ိုင်းပြီး တိုင်းပြည်ရဲ့အနာဂတ်ကို ဘယ်လိုဖော်ဆောင်မလဲဆိုတာကိုဆွေးနွေးတဲ့ ဆွေးနွေးတဲ့ပုံစံမျိုးနဲ့ သွားချင်တယ်၊ အဲ့တော့ မူကတော့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုတဲ့ အခြေခံမူပေါ်မှာ ကျင်းပသွားမှာဖြစ်တယ်၊ ဆွေးနွေးမည့် ခေါင်းစဉ်ခြောက်ခုကိုလည်း ထုတ်ပြန်ထားပြီးဖြစ်တယ်၊ အဲ့ဒီခေါင်းစဉ်ခြောက်ခုကို ကျနော်တို့ အပြင်မှာရောက်နေတဲ့ လူတွေအနေနဲ့လည်း ိုင် န်းဆွေးနွေးခြင်းအားဖြင့် ကျနော်တို့ တိုင်းပြည်ရဲ့အနာဂတ်ကို ပိုမိုပြီး အားကောင်းမောင်းသန်ဖြစ်အောင် ဖန်တီးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ကျနော်လာပြီး တလေးတစားနဲ့ အားလုံးကို လာဖိတ်တာပဲ ဖြစ်ပါတယ်"

ဇူလိုင်လ ၁ဝ ရက်နေ့ကတည်းက ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ကိုမြအေး ဦးဆောင်တဲ့အဖွဲ့ဟာ ဘန်ကောက်မြို့မှာရှိတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ မနေ့ညကလည်း မဲဆောက်မြို့မှာရှိတဲ့ အဖွဲ့အစည်း ၂၇ ဖွဲ့က နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ရဲဘော်ဟောင်းတွေကို တွေ့ဆုံဖိတ်ကြားခဲ့သေးတယ်လို့ သိရပါတယ်။

မနက်ဖြန် ဇူလိုင် ၁၄ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုသွားရောက်ပြီး တက္ကသိုလ်တွေမှာ ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသားတွေ လူငယ်တွေနဲ့ တွေ့ဆုံပြီး လူငယ်မျိုးဆက်တွေ တိုင်းပြည်အခြေအနေကို မှန်ကန်စွာသုံးသပ်နိုင်ရေးနဲ့ တည်ဆောက်ရေးဆိုင်ရာကိစ္စတွေမှာ လူငယ်တွေရဲ့အမြင်တွေ သိရှိဖို့အတွက် ဆွေးနွေးပွဲတစ်ခုကျင်းပပြီး မြန်မာနိုင်ငံကို ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။