၈၈၈၈ အထိမ်းအမှတ် ရုပ်ရှင်ကား ရိုက်ကူးမည်

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် ၊ ရှစ်လေးလုံး နိုင်ငံရေး အပြောင်းအလဲ အကြောင်းကို အခြေခံပြီး ရိုက်ကူးမယ့် ''ချွန်စေ မြစေသော'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား အကောင်အထည်ဖော် ရိုက်ကူးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2012-10-24
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
8888-uprising-b305
၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမပေါ်၌ ပြည်သူလူထု ထောင်ပေါင်းများစွာ စုဝေးဆန္ဒပြနေကြစဉ်။
Photo: Wikipedia

ဒီရုပ်ရှင်ဇာတ်ကားကို လာမယ့် (၂၀၁၃)ခုနှစ်မှာ ရိုက်ကူးသွားဖို့ ရည်ရွယ်ထားပြီး ငြိမ်းချမ်းရေးနဲ့  မိဘ၊ သားသမီး မေတ္တာ အကြောင်း အဓိကထား ရိုက်ကူးမှာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ကိုညိုထွန်း (ဒါရိုက်တာ သျှိုညိုထွန်းသိမ်း)က RFAကို ပြောပါတယ်။

ဇာတ်ကားရိုက်ကူးနိုင်ရေး အတွက် အနုပညာအကြံပေး အဖွဲ့၊ ဇာတ်ညွှန်း အကြံပေး အဖွဲ့၊ သမိုင်းဆိုင်ရာ ဝတ်ဆင်ရေးအကြံပေး အဖွဲ့၊ သရုပ်ဆောင် အကြံပေး အဖွဲ့၊ သတင်းထုတ်ပြန်ရေး အဖွဲ့၊ ဆက်တင် အကြံပေး အဖွဲ့၊ ဘာသာပြန် အကြံပေး အဖွဲ့၊ တည်းဖြတ် အကြံပေး အဖွဲ့နဲ့ တေးဂီတ အကြံပေး စတဲ့ အဖွဲ့(၉) ဖွဲ့ခွဲပြီး စတင်ဆောင်ရွက် နေပြီလို့ သိရပါတယ်။

ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းတွေ ရေးသားနေပြီး နာမည်ကြီး သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်သစ်တွေအပြင်၊ ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကိုယ်တိုင် ပါဝင်ရိုက်ကူးဖို့ရှိပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

ကောင်းဇံ

နေရပ်- Australia

အစီအစဉ်ကောင်းပါတယ်၊ဒါပေမယ့်အချိန်စောပါသေးတယ်၊ဗိုလ်ချုပ်ရှုပ်ရှင်ကားတောင်မပီးပါဘူး။
ကောင်းဇံ(၈၈ အင်အားစု)

Oct 27, 2012 07:49 PM

မင်းရန်နိုင်

နေရပ်- ဂဂ ) (ရန်ကုန်

မင်းရန်နိုင်.၈၈ ၈၈နဲ့ ပတ်သက်တဲ့ ရှပ်ရှင်ရှိက်ကူးတာကိုလက်ခံပါသည် ။လိုအပ်ရင် မင်းရန်နိုင် .၈၈ရဲ လှပ်ရှားခဲ့တဲ့အကြောင်းအရာကိုလည်းလိုအပ်ရင်တတောင့်တနေရာကနေပါဝင်ခွင့် ရချင်ပါတယ်။နောင်လာမဲ့မျိုးဆက်သစ်တွေသိစေချင်ပါတယ်။၈၈အရေးအခင်းတွင်ဘာသာစွဲ။လူမျိုးစွဲမပါဝင်ဘဲဒီအရေးအခင်းကိုဘယ်လိုအောင်ြ မင်အောင်ပူပေါင်းလက်တွဲဆောင်ရွက်ခဲ့ကျတယ်ဆိုတာနောင်လာမယ့်မျိုးဆက်တွေကိုသိစေချင်ပါသည်။ကျွန်တော့်ဘ၀ရဲံ့အစိတ်အပိုင်းတခြု ဖစ်သော်ကြောင့်ပါဝင်ခွင့်ရချင်းပါတယ်။ မင်းရန်နိုင် (၈၈)

Oct 26, 2012 09:24 AM

U Thant Zin

နေရပ်- Yangon

အတိတ်က အနိဋ္ဌာရုံများ၊ ကျေကွဲစရာများ၊ ဝမ်းနည်းစရာများ၊ အမုန်များ၊ရန်လိုမှုများ၊နာကျည်းစရာများကို ပြန်လည်တူးဆွဖေါ်ထုတ်ခြင်းဖြင့် အကျိုးထက် အပြစ်များသာဖြစ်နိုင်ပါသည်။ -ပစုပ်ပံ၏အကျိုးစည်းပွားများကိုထိခိုက်နှောင့်နှေးနိုင်ပါသည်။ -အနာဂတ်၏ရောင်နီများကိုလည်းမှေးမှိန်လွင့်ပါးစေနိုင်ပါသည်။ -ပစုပ်ပံတည့်တည့်ကိုသာဦးတည်လျှောက်လှမ်းသင့်ပါသည်။
ရည်ရွယ်ချက်ကဘာလဲ? ဘာအကျိုးတွေရမလဲ? ဘယ်သူ့အကျိုးအတွက်လဲ?

Oct 26, 2012 07:16 AM

ကိုဗလိုင်

နေရပ်- ဒိန်းမတ်နိုင်ငံ

၈၈ နဲ့ ပတ်သက်ပြီး ရုပ်ရှင်ရိုက်ကူးတာကိုတော့ လက်ခံပါသည်။ သို့သော် ၈၈ မျိုးဆက်များဖြစ် ကြသည့် အဓိကကျသော မင်းကိုနိုင်တို့အဖွဲ့နဲ့ တိုင်ပင်ညှိ့နှိုင်းပြီးမှသာ...ကျနော့်အနေနဲ့ ဒီရုပ် ရှင်ဇတ်ကားကို ရိုက်စေလိုပါတယ်။ အကယ်၍​ ရုပ်ရှင်ကားရိုက်ကူးရရှိတဲ့ အကျိုးအမြတ်ကို မည်သို့မည်ပုံ ဘယ်နေရာမှာ အသုံးချမလဲဆို တာကိုပါ မခါတည်းတင်ပြပေးစေလိုပါတယ်။
( ကိုဗလိုင် ၈၈ မျိုးဆက် )

Oct 25, 2012 07:33 AM