လွန်ခဲ့တဲ့ ၂၅ နှစ် ရှစ်လေးလုံး အရေးတော်ပုံ ကာလမှာ သတင်းစာ လွတ်လပ်ခွင့် ရရှိခဲ့တဲ့ ကာလတစ်ခုဖြစ်ကြောင်း၊ အရေးတော်ပုံကာလ သတင်းစာ လွတ်လပ်ခွင့်ဟာ တိုင်းပြည်ကို မျက်စိဖွင့်ပေးလိုက်တာဖြစ်ကြောင်း ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်က ဒီနေ့ရန်ကုန်မြို့ HOME ခန်းမမှာ ကျင်းပတဲ့ စာအုပ် မိတ်ဆက်ပွဲမှာ ပြောဆိုပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံ ကာလက ထုတ်ဝေဖြန့်ချိခဲ့တဲ့ သတင်းစာတွေထဲက အကြောင်းတွေကို စုစည်း ထုတ်ဝေတဲ့ စာအုပ် မိတ်ဆက်ပွဲမှာ ဆရာကြီးဦးဝင်းတင်က အခုလို ပြောခဲ့တာပါ။
၁၉၈၈ သြဂုတ်လကနေ စက်တင်ဘာ ၁၈ ရက် စစ်တပ်က အာဏာ မသိမ်းမီ အချိန် အထိရရှိခဲ့တဲ့ သတင်းစာ လွတ်လပ်ခွင့်ဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီ လှုပ်ရှားမူကို ထင်ဟပ်ခဲ့တယ်လို့လည်း အခမ်းအနားမှာ ပြောပါတယ်။
"သတင်းစာတွေကပြောတဲ့ ရှစ်လေးလုံး အရေးတော်ပုံ စာအုပ်"အတွက် အမှာစာတွေ ရေးသားခဲ့ကြတဲ့ ဆရာ မျိုးမြင့်ညိမ်းနဲ့ ဆရာ နောင်ကျော်တို့ကလဲ ရှစ်လေးလုံးကာလက စာရေးဆရာတွေ၊ သတင်းစာဆရာတွေရဲ့ လှုပ်ရှားခဲ့မှုတွေကို ပြောပြခဲ့ပါတယ်။
